လက်ဖက်စိမ်း Green tea The appearance of green tea in three different stages (from left to right): the infused leaves, the dry leaves, and the liquid.
အမျိုးအစား လက်ဖက် မူရင်းထုတ်လုပ်သည့်နိုင်ငံ တရုတ် အရောင်အဆင်း အစိမ်း ပါဝင်ပစ္စည်း လက်ဖက်ရွက် ဆက်စပ်ထုတ်ကုန် လက်ဖက်
လက်ဖက်စိမ်း (သို့) လက်ဖက်စိမ်းရည် (အင်္ဂလိပ် : Green tea ) သည် လက်ဖက်ရွက် (Camellia sinensis) မှ ပြုလုပ်ထားသော အရည် (လက်ဖက်ရည်ကြမ်း) တစ်မျိုးဖြစ်၍ အခြောက်ခံ၊ ဓာတ်တိုးမှုမရှိသေးသော လက်ဖက်ရွက်စိမ်းမှ ပြုလုပ်ကြသည်။ အခြောက်ခံ၍ ဓာတ်တိုးမှုရှိထားပြီးသော လက်ဖက်များကို အချိုခြောက်ရည် ၊ အူးလုံလက်ဖက်ရည် များကို ပြုလုပ်ရာတွင် အသုံးပြုကြသည်။[ ၁] လက်ဖက်စိမ်းရည်သည် တရုတ်ပြည်တွင် စတင်ပေါ်ပေါက်ခဲ့၍ လက်ဖက်စိမ်း(ရည်)ထုတ်လုပ်ခြင်းများသည် အရှေ့အာရှတလွှားသို့ ပြန့်နှံ့ရောက်ရှိခဲ့ကြပြီဖြစ်သည်။
လက်ဖက်စိမ်းပုံစံအချို့ရှိရာ အများအားဖြင့် C. sinensis မျိုးကွဲများကို အသုံးပြုကြပြီး စိုက်ပျိုး/ပေါက်ရောက်မှု အခြေအနေ၊ စိုက်ပျိုးနည်းစနစ်၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်၊ ခူးဆွတ်ရာကာလ တို့အပေါ်မူတည်၍ ကွဲပြားကြလေသည်။ လက်ဖက်စိမ်းကို တရုတ်၊ ဂျပန်တို့တွင် ဆေးကုသမှုအသုံးအဖြစ် နှစ်ထောင်ချီ၍ သုံးစွဲလာခဲ့ကြသည်။ လက်ဖက်စိမ်းသောက်သုံးမှုနှင့်ပတ်သက်၍ ကျန်းမာရေးအကျိုးသက်ရောက်မှုမျကို လေ့လာထားသည့် သုတေသနများစွာရှိသော်လည်း လက်ဖက်စိမ်းသည် ကိုယ်ခန္ဓာအလေးချိန်ကျဆင်းရန်အတွက် အကူအညီများစွာမပေးနိုင်ဟု ဆိုထားသည်။[ ၂]
↑ "Tea and health: studies in humans " (2013). Current Pharmaceutical Design 19 (34): 6141–7. doi :10.2174/1381612811319340008 . PMID 23448443 .
↑ Green tea ။ National Center for Complementary and Integrative Health, US National Institutes of Health (September 2016)။ 12 August 2018 တွင် ပြန်စစ်ပြီး။ “Green tea extracts haven't been shown to produce a meaningful weight loss in overweight or obese adults. They also haven't been shown to help people maintain a weight loss.”