ပွင့်လင်းမြင်သာမှုစင်တာ

ပင်မ
Banner

ပွင့်လင်းမြင်သာမှုစင်တာ

ကျွန်ုပ်တို့၏ ကတိကဝတ်များ

ကျွန်ုပ်တို့၏ ကတိကဝတ်များ

TikTok ၌ ကျွန်ုပ်တို့၏ လုပ်ငန်းတာ၀န်မှာ တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ရန်နှင့် ပျော်ရွှင်မှု ယူဆောင်လာရန် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လူမှုအသိုင်းအ၀ိုင်း၏ ယုံကြည်စိတ်ချမှုကိုရရှိရန် စိတ်အားထက်သန်ပြီး တာဝန်သိစွာ၊ မျှတစွာနှင့် ပွင့်လင်းမြင်သာစွာ တည်ဆောက်ရန် ကြိုးပမ်းပါသည်။

အစီရင်ခံချက်များ

TikTok သည် ကျွန်ုပ်တို့လူမှုအသိုင်းအဝိုင်း၏ လမ်းညွှန်ချက်များကို ကျွန်ုပ်တို့ ထိန်းသိမ်းထားပုံနှင့် ဥပဒေကြီးကြပ်သူများမှ သတင်းအချက်အလက်များ တောင်းဆိုမှု၊ အစိုးရမှ အကြောင်းအရာ ဖယ်ရှားပေးရန် တောင်းဆိုမှုများနှင့် မူပိုင်ခွင့်ရှိသည့် ဉာဏ်ပညာဖြင့် တီထွင်ဖန်တီးထားသောအရာများကို ဖယ်ရှားပေးရန် တောင်းဆိုမှုများအပေါ် ကျွန်ုပ်တို့၏ တုံ့ပြန်ပုံတို့ကို တွေ့မြင်နိုင်စေရန် ပွင့်လင်းမြင်သာမှု အစီရင်ခံစာများကို ပုံမှန်ထုတ်ဝေပါသည်။ TikTok အား ဘေးရန်ကင်း၍ ပျော်စရာကောင်းသော နေရာတစ်ခုဖြစ်စေရန် ကျွန်ုပ်တို့ရည်မှန်းပုံကို လေ့လာပါ။

အစီရင်ခံချက်များ
ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုဗဟိုဌာနများ

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုဗဟိုဌာနများ

TikTok ၏ ကမ္ဘာလုံးဆိုင်ရာနှင့် ပွင့်လင်းမြင်သာမှု ဗဟိုဌာနများတွင် ဖိတ်ကြားထားသော ဧည့်သည်များသည် အကြောင်းအရာကို ကျွန်ုပ်တို့ထိန်းညှိ၍ အကြံပြုပုံ၊ ကျွန်ုပ်တို့၏ ပလက်ဖောင်းကို လုံခြုံစေ၍ လူတို့၏ ကိုယ်ရေးကိုယ်တာအား ကာကွယ်ပုံတို့ကို သင်ယူခွင့်ရှိသည်။ ထို့အပြင်၊ လာရောက်သူများသည် အရင်းအမြစ်ကုဒ်ကို ပြန်လည်သုံးသပ်ပြီး TikTok ၏ အယ်လဂိုရီသမ် လုပ်ဆောင်ပုံကို လေ့လာနိုင်သည်။

TikTok နှင့် ByteDance

TikTok သည် ဘာသာစကားများ၊ ယဉ်ကျေးမှုများနှင့် ပထဝီဝင်ဒေသအမျိုးမျိုးရှိ လူတို့အား အသိပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေခြင်းနှင့် လှုံ့ဆော်ပေးသည့် အကြောင်းအရာပလက်ဖောင်း အမျိုးမျိုးကို လည်ပတ်နေသည့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် ByteDance Ltd. ၏ အထင်ကရ ထုတ်ကုန်တစ်ခုဖြစ်သည်။ ဤကုမ္ပဏီ၌ ဝန်ထမ်းပေါင်း ၁၁၀၀၀၀ ရှိ၍ နိုင်ငံပေါင်း ၃၀ ကျော်တွင် ရုံးများ ရှိပါသည်။

၂၀၁၇ ခုနှစ် မေလတွင် စတင်ခဲ့သည့် TikTok သည် ပုံစံတို မိုဘိုင်းဗီဒီယိုအတွက် ထိပ်တန်းနေရာ ဖြစ်သည်။ TikTok သည် အသုံးပြုသူများအား ၎င်းတို့၏တီထွင်ဖန်တီးနိုင်စွမ်းကို ဖော်ပြကာ ၎င်းတို့ပတ်ဝန်းကျင်ရှိ လောကကို ရှာဖွေတွေ့ရှိနိုင်ရန် ကင်းဗတ်စ်တစ်ခု ပေးလျက်၊ တူညီသည့် စိတ်ဝင်စားမှုများမှတစ်ဆင့် လူမှုအသိုင်းအဝိုင်းရှာဖွေရန် ကူညီပါသည်။ ByteDance မှ Douyin ဟုခေါ်သည့် အခြားသော ပုံစံတိုဗီဒီယိုအက်ပ်ကို ပေးဆောင်သည့် တရုတ်နိုင်ငံမှလွဲ၍၊ TikTok သည် ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းတစ်ခုအနေဖြင့် အဓိကဈေးကွက်အများစု၌ ဖြန့်ကျက်ထားသည်။ TikTok တွင် လော့စ်အန်းဂျလစ္စ၊ စီလီကွန်ဗယ်လီ၊ နယူးယောက်၊ ဒတ်ဘလင်၊ လန်ဒန်၊ ပဲရစ္စ၊ ဘာလင်၊ ဒူဘိုင်း၊ စင်ကာပူ၊ ဂျကာတာ၊ ဆိုးလ်နှင့် တိုကျိုအပါအဝင် ကမ္ဘာအနှံ့တွင် ရုံးများရှိသည်။

TikTok သည် Coatue၊ General Atlantic၊ KKR၊ Sequoia Capital၊ Susquehanna International နှင့် Softbank အပါအဝင် ကမ္ဘာအနှံ့ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများမှ ကျောထောက်နောက်ခံပြုထားသော ByteDance Ltd. ၏ လုပ်ငန်းခွဲများမှတစ်ဆင့် လုပ်ငန်းကို လုပ်ဆောင်ပါသည်။